မြစ်သားမြို့နယ်၌ အများပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကြိုတင် ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်

မြစ်သား ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သာလွန်ကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများ သိရှိလိုက်နာစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား  အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၈)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Hand Spaker  ဖြင့် လှည့်လည်နှိုး ဆော်ခဲ့ကြသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပေါ် စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန် ချက်များအား တိကျစွာ လိုက်နာကြရန်နှင့်  နေအိမ်ပြင်ပ ထွက်ခွာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရေး၊  တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် ၊ Mask မတပ်သူများ နှင့်တွေ့ ဆုံခြင်း၊ စကား ပြောဆိုခြင်း၊ စျေးဝယ်ခြင်းများမှ ​ရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီး တိုင်းလက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊  လူစုလူဝေး ရှောင်ရှားကြရန်၊ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို အထူးဂရုပြုထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို ပြည်သူများအားလုံး ကိုယ်စီလိုက်နာကြပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် စသည့် ရှောင်ရန်/ဆောင်ရန်အချက်များအား ပြည်သူများ သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက အရှိန်အဟုန်မြှင့် အသိပေးလှည့်လည် နှိုးဆော်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

မြမြမွန် (ပြန်/ဆက်)