ကျောက်ဆည် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ စ်တွင် ကျေးရွာ(၂)ရွာမှ အိမ်ထောင်စု(၈၄၉)စု အကျိုးပြုမည့် စင်းကွန်းကျေးရွာအနီးရှိ ကျေးရွာချင်းဆက် လမ်းပေါ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုလျော့နည်းစေရေးအတွက် Box Culvet တံတား(၁)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါတံတားအား ခွင့်ပြုရန်ပုံငွေကျပ်(၆)သန်းအကုန်အကျခံကာ အရှည်(၅)၊ အကျယ်(၂၄)ပေ၊ အမြင့် (၅)ပေ ဆောက်လုပ်ခြင်းဖြစ်ပြီး သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူကာ ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါတံတားပြီးစီးသွားပါက ကုန်းကြီး၊ စင်းကွန်း ကျေးရွာ(၂)ရွာမှ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အချိန်တိုအတွင်းလွယ်ကူစွာ ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်နိုင်တော့မည့်အပြင် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများလည်း အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)