မြစ်သား ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (မြို့နယ် ဦးစီးမှူး) ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းက မုံလာဥဖြူ ဆေးဖက်ဝင်ပုံအကြောင်း၊ မုံလာဥဖြူမှာပါဝင်တဲ့ အာဟာရဓါတ်များ၊ မုံလာဥဖြူစားသုံးရင် ကင်ဆာရောဂါကို ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း၊ မုန်လာဉဖြူမှာပါသည့် ဒြပ်ပေါင်း တစ်မျိုးက ကင်ဆာဖြစ် နိုင်သည့်အရာများကို တိုက်ထုတ်ပေးပြီး ခန္ဓာကိုယ်မှာကင်ဆာကျိတ်တွေ မဖြစ်အောင်ကာကွယ် ပေးနိုင်ကြောင်း၊ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ကြောင်း၊ ခန္ဓာကိုယ်နဲ့ခံတွင်းတို့မှာ မှိုပိုး ကူးစက်ခြင်းကိုဖယ်ရှားပေးနိုင်စွမ်းရှိကြောင်း၊ ရာသီအကူးအပြောင်းကြောင့် ဖျားနာမှုတွေကနေ ကင်းချင်ရင် ကိုယ်ခံအားကောင်းအောင်နေရမှာဖြစ်ကြောင်း၊ ကိုယ်ခံအားကောင်းစေဖို့က အစား အသောက်ကအရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်တာကြောင့်ကိုယ်ခံအားကောင်းစေပြီး ကျန်းမာ နေစေဖို့မုန်လာဥဖြူကို စားသုံးပေးနိုင်ကြောင်း စသည့် မုံလာဥဖြူ စားသုံးခြင်းဖြင့် ရရှိမည့် ကျန်းမာရေး အကျိုးကျေးဇူးများကိုအသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရသည်။
မြမြမွန်(မြစ်သား)