ငါန်းဇွန် ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ငါန်းဇွန်မြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ကွင်းဆင်း ဆောင်ရွက် ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဝန်ထမ်းများက ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ(၁၆၄)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် လဲလှယ်ခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အခမဲ့ ဆောင်ရွက်ပေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ အဖွဲ့ဝင် ဗိုလ်မှူးမိုးမင်းဦးနှင့် အတွင်းရေးမှူး ရဲမှူး အောင်ကျော်ဦး (မြို့နယ်ရဲတပ်ဖွဲ့မှူး)တို့က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)