မိုးမောက် ဇန်နဝါရီ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီက မြို့မစျေးရှေ့နှင့် စျေးအတွင်း၌ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌနှင့်အသင်းဝင်များတို့က ပါးစပ်နှင့် နှာခေါင်းစည်း(Mask)အခုရေ ၅၀၀ နှင့် တစ်ခါသုံးလက်အိတ် (၁၀၀)ကို မြို့နယ်အတွင်းရှိ လမ်းသွား လမ်းလာပြည်သူများနှင့် မြို့မစျေးအတွင်းရှိ စျေးသည်၊ စျေးဝယ် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ အိမ်ပြန်ရောက်ပါက လက်ကိုဆပ်ပြာဖြင့် မိနစ်(၂၀)ကြာ ဆေးကြော ရန်၊ အပြင်ထွက်သည့် အဝတ်အစားများကို အိမ်ပြန်ရောက်ပါက လဲလှယ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေကြရန် စသည်ဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်) မဖြစ်ပွားရေး ကြိုတင်အသိပညာ ပေး ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)