မိုင်းလုံ ဇန်နဝါရီ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နေပြည်သူများ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို စာပေ ချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကို ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ ဆွေးနွေးပွဲကို ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)အမှတ်(၁)ပါ ကျန်းမာရေးကဏ္ဍမှ စာရေးဆရာ ပေါက်ပေါက် ရေးသားသော "ဆောင်းရာသီတွင် အဖြစ်များသောရောဂါများ" အကြောင်းရေးသားထား သော ဆောင်းပါးကို အခြေခံပြီး စတင်ဆွးနွေးရာ ဆောင်းပါး ပါအချက်အလက်များ နှင့်သက်ဆိုင်သော အကြောင်းအရာများ၊ အခြားမိမိတို့ သိရှိထားသော ကျန်းမာရေးဗဟုသုတများကို အပြန်အလှန် ဆွေးနွေးကြရာ (Book Club) အသင်းအဖွဲ့ဝင် ဦးမြမောင်မှ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းအတွက် ကုထုံးများနှင့် ပတ်သက်သော အကြောင်း အရာများ၊ ဒေါ်နန်းလောင်မှ ရာသီတုပ်ကွေးရောဂါအတွက် ကုထုံးများနှင့် ဦးသာအောင်မှ ပန်းနာရင်ကျပ် ရောဂါအတွက် ကုထုံးများအကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေနွေးပွဲ တက်ရောက်လာသူများကလည်း ယခုလို ကျန်းမာရေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ ဆောင်ရွက်ပေးရာ မိမိတို့သိသည့်အသိများကို မိတ်ဆွေ အချင်းချင်း ဖလှယ်နိုင်ပြီး ကျန်းမာရေးအသိများတိုးသောကြောင့် ကျေးဇူးတင်စကားများ ပြောကြားခဲ့ ကြောင်းသိရသည်။
ဇော်ဇော်(ပြန်/ဆက်)