သီပေါမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

သီပေါ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်  အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်သည့် အခမ်းအနား ကို ယမန်နေ့ မွန်းလွှဲပိုင်းကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ သည်။

အခမ်းအနားတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ ဘိုးဘွားများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် သီပေါမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားတစ်ဦး တစ်လလျှင်ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ငွေကျပ် ၃၀၀၀၀ စီအား ဘိုးဘွား (၃၄၉) ဦး အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေ စုစုပေါင်းကျပ်(၁၀၄)သိန်း(၇)သောင်းကိုထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ခင်လေး (ပြန်/ဆက်)