ကျိုင်းတုံမြို့ကျိုင်းဖောင်းရေပူစမ်း၌ ဆောင်းရာသီကာလ လာရောက်အပန်းဖြေ လည်ပတ်သူများ ဖြင့်စည်ကား

ကျိုင်းတုံ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်း၌ ဆောင်ရာသီကာလ ယခုတစ်ပတ် အတွင်း လာရောက်အပန်းဖြေ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အပန်းဖြေစခန်းသည် ကျိုင်းတုံ-တောင်ကြီး ကားလမ်းဘေး၊ ကျိုင်းဖောင်းချောင်းအနီးတွင် တည်ရှိပြီး သဘာဝအလျောက် တည်ရှိသော ရေပူစမ်းတစ်ခုဖြစ်ပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူ များက အများပြည်သူများ  အခမဲ့လာရောက် အပန်းဖြေစေရန် ဆောင်ရွက်ထားရှိကာ ဒေသထွက် အစား အစာများ၊ ရောင်ချခြင်း၊ သာဘာဝရေပူစမ်းဖြင့် ရေချိုးခန်းများ ဆောင်ရွက်ထားရှိပေးခြင်းကြောင့်  ယခု ဆောင်းရာသီ ကာလအဆိုပါ ရေပူစမ်းကွင်းပြင်ရှိ  မြက်ခင်းပြင်းတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)