ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ခိုလှုံနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္တ အသုတ် ဒုတိယအကြိမ်စတင်ထိုးနှံ

ပေါက်တော ဇန်နဝါရီ ၈       

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ရှိဘင်္ဂလီ ပြည်သူများနှင့် IDPs စခန်းတို့တွင် ခိုလှုံနေကြသော ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် (၁၀) နာရီက စတင် ထိုးနှံပေးသည်။

အဆိုပါ IDPs စခန်းများသို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုအား ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့သို့ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေး ကို ဆက်လက်ထိုးနှံပေးကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ‌ပေးခြင်းကို ပေါက်တောမြို့နယ်၌ ဒေသခံဘင်္ဂလီပြည်သူများနှင့် lDPs စခန်း (၅) ခု စုရပ်များဖြစ်သည့်  ကြိမ်နီပြင် IDPs စခန်း ၊ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ငှက်ချောင်း-၁ (IDPs)စခန်း၊ ငှက်ချောင်း-၂( IDPs)စခန်းများ၌ ခိုလှုံနေကြသည့်  ပြည်သူများနှင့် ဆင်တက်မော် (ဘင်္ဂလီ) ပြည်သူများ၊ အနောက်ရဲ(ဘင်္ဂလီ) ပြည်သူများ၊ စစ်ကဲပြင်အထက ်(ဘင်္ဂလီ) ပြည်သူများ၊ စစ်ကဲပြင် အောက်(ဘင်္ဂလီ)ပြည်သူများ၊ ကုန်တန်း(ဘင်္ဂလီ) ပြည်သူများနှင့် တောင်ရွာ(ဘင်္ဂလီ) ပြည်သူ စုစုပေါင်း (၈၀၁၅) ဦးအား ယနေ့မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကျော်သန်း (မြို့နယ် ပြန်/ဆက်)