ဟိုပန် ဇန်နဝါရီ ၈
"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ ကျင့်မှုများ ပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက ဟိုပန်မြို့မဈေးရှေ့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမူဆောင်အရာရှိ ဦးနိုင်မျိုးဦးနှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိန်ခိုင်တို့က ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ဈေးသူ၊ ဈေးသားများနှင့်အတူ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်စေခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်အား ရှင်းလင်းပြသပေးခြင်းများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ဈေးဆိုင်ခန်းများအတွင်း ဝါယာကြိုးများ သွယ်တန်းထားရှိမှု အခြေအနေများအား စနစ်တကျရှိမရှိ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်