မရမ်းကုန်းမြို့နယ်​​ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဝန်ထမ်းအိမ်ရာရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မရမ်းကုန်း ဇန်နဝါရီ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်()ရပ်ကွက်၊​ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဝန်ထမ်းအိမ်ရာရှိ ပြည်သူများအား ယမန်​နေ့ နံနက် နာရီအချိန် တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးဝန်ထမ်းများက အဆိုပါ အိမ်ရာ၌ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်သည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးစာရင်းမရှိသူကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု စာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းများဖြင့် အသက်(၁၆)နှစ်နှင့် အထက် နိုင်ငံသားအရည်အချင်း ပြည့်မီသူ တိုင်းအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)