တာလေမြို့ အမှတ်(၂) ရပ်ကွက်ရှိ လမ်းသွယ်(၅)အား ကွန်ကရစ်ခင်းခြင်း (၁၀၀)ရာခိုင်နှုန်း ပြီးစီး

တာလေ ဇန်နဝါရီ ၈ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အမှတ်(၂) ရပ်ကွက်အတွင်း အများ ပြည်သူများ အသုံးပြုသွားလာနေသော လမ်းသွယ်(၅) အရှည်ပေ (၃၅၀)အဆင့်​မြင့်တင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း  ဆောင်ရွက်မှု (၁၀၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တာလေမြို့ အမှတ်(၂) ရပ်ကွက်ရှိ လမ်းသွယ် (၅)အား အဆင့်မြင့်တင်ကွန်ကရစ်ခင်းခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက ဦးဆောင်စည်းရုံးမှုဖြင့် လမ်းအားအသုံးပြုသွားလာနေသည့် သဲလုပ်ငန်းရှင်များက စုပေါင်းကူညီ၍ လမ်းအရှည် ပေ(၁၀၀၀) ရှိသည့်အနက် ယခင်နှစ်တွင် ပေ(၃၀၀) အတွက် ကုန်ကျစရိတ် ကျပ်သိန်း (၁၀၀)နှင့် ယခုနှစ်အတွင်း လမ်းအရှည် (၃၅၀) ပေ၊ အကျယ် ၂၀ ပေ၊ ထု ၈ လက်မရှိ ကွန်ကရစ်လမ်းအတွက် ကုန်ကျစရိတ်ငွေကျပ်သိန်း (၁၂၀)၊ စုစုပေါင်း လမ်းအရှည် (၆၅၀)အတွက် ကုန်ကျစရိတ် ကျပ်(၂၂၀)သိန်းအား သဲလုပ်ငန်းရှင်များက စုပေါင်းကူညီ၍ လမ်းအဆင့်မြင့်တင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပြီး ကျန်ရှိနေသည့်လမ်းပိုင်းအား လာမည့်နှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါ  လမ်းသွယ်(၅)အား အဆင့်မြှင့်တင်ခြင်း ကွန်ကရစ်ခင်းခြင်းကို ဒီဇင်ဘာ ၁၇ ရက်က စတင်ခဲ့ပြီး ယခုအခါ (၁၀၀) ရာခိုင်နှုန်းပြီးစီးခဲ့သ​ဖြင့် ပြည်သူများက လမ်းအားအဆင်ပြေ ချောမွေ့စွာ အသုံးပြုသွားလာနေပြီဖြစ်ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)