မန်တုံ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် မန်တုံမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကာကွယ်ရေး ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကို လျော့နည်းစေပြီး မိမိကစ၍ ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာဘာသာများဖြင့် ယနေ့ နံနက်ပိုင်းအချိန်က ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ချက်များတွင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ် မနေ အိမ်တွင်း၌သာ နေထိုင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏ ဆေးကြောရန်၊ မိမိအိမ်သို့ ပြင်ပမှ လာသော ဧည့်သည်များ လက်မခံရန်၊ မဖြစ်မနေအရေးကြီးကိစ္စရှိ၍ အိမ်ပြင် ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask တတ်ရန်၊ Mask မတပ်သည့်ဆိုင်များ တွင်စျေးမဝယ်ကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask မတပ်သူများနှင့် တွေ့ဆုံပါက စကားပြောခြင်း မပြုလုပ်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း Mask နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ကြရန်၊ အသုံးပြုပြီးသော Mask များအား ထပ်မံအသုံးမပြု ကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှင့် နှာခေါင်း၊ အမျက်နှာတို့ကို ပွတ်သပ်ခြင်းနှင့် ကိုင်တွယ်ခြင်း မပြုလုပ်ကြရန်၊ အဝတ်စားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးဘဲ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများ၊ ပြတင်းတံခါးများ ဖွင့်ပြီး လေ၀င်လေထွက် ရရှိအောင် ဆောင်ရွက်ထားကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မပျက်မကွက် အကြိမ်ပြည့် ခံယူရန် ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် တတ်စွမ်းသရွေ့ စနစ်တကျပူး ပေါင်းပါဝင်ဆောင်ရွက်ကြရန် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမ ခံယူပါရန် စသည့်အချက်များအား အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ထိုသို့ ကျန်းမာရေး အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ မြို့မရပ်ကွက်ရှိ စျေးဆိုင်လမ်းများ၊ လမ်းဆုံနေရာများ၊ အိမ်ခြေ ထူထပ်သော နေရာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
မန်တုံ ပြန်/ဆက်