မိုင်းပျဉ်းမြို့အဝင် ဆိုင်းဘုတ်အား မြန်မာ/ရှမ်းနှစ်ဘာသာဖြင့် တည်ဆောက်သွားမည်

မိုင်းပျဉ်း ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌မြို့အဝင် ကွန်ကရစ် ဆိုင်းဘုတ်အား မြန်မာ/ရှမ်းနှစ်ဘာသာဖြင့် ရေးသားဖော်ပြပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါမြို့အဝင်ဆိုင်းဘုတ် တည်ဆောက်မည့်နေရာသို့ မြို့မိမြို့ဖများနှင့်အတူ၊ မြို့နယ်ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ မြို့နယ်လမ်းတံတား ဆောက်လုပ်ရေး အထူးအဖွဲ့(၃)၊ မိုင်းပျဉ်းမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများစသည်တို့က ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၎င်းဆိုင်းဘုတ်အား မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အလှူရှင်မိသားစုများ၏ စုပေါင်းအားဖြင့် မြို့သာယာလှပရေးအတွက် ရည်မှန်းချက်ထားရှိကာ တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)