မိုင်းငေါ့ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ ဆောင်းသီးနှံ သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်ခန့်က အဆိုပါရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းငေါ့မြို့ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင် က အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးဇေယျာမျိုး က ဆောင်းသီးနှံသွင်းအားစု ပေးအပ်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ဆောင်းသီးနှံ အဖြစ်စိုက်ပျိုးမည့် ပဲပုတ်ရေဆင်း-၁၅ မျိုးစေ့ ၂ တင်း၊ သဘာဝဓာတ်မြေဩဇာအဖြစ် အသုံးပြု နိုင်ရန်အတွက် ကြက်ချေးဇီဝမြေဩဇာ ၁၁ အိတ်၊ လက်ဘက်ပျိုးပင် (ကိုးကန့်မျိုး) ၈၀၀ ပင်၊ ထောပတ်ပျိုးပင် ၂၀၀ ပင်တို့ကို တောင်သူဦးကြီးများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပဲပုတ်သီးနှံ စနစ်တကျ စိုက်ပျိုးခြင်းနှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ခြင်းနှိမ်နင်း နည်း၊ပဲပုတ် တစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် ယူရီးယားနှင့် လက်ချာအသုံးပြု ဆောင်ရွက်ခြင်းများကိုလည်း နည်းပညာပေး ဆွေးနွေးခဲ့ပြီး ၎င်းတို့နှင့် ပတ်သက်သည့် လက်ကမ်းစာ စောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ်