သံဖြူဇရပ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်(၆)လ လုပ်ငန်းစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

 

သံဖြူဇရပ် ဇန်နဝါရီ 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ​ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက် မည့်ကျေးရွာ(၄)ရွာ အားရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် သံဖြူဇရပ်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဒေါ်တင်ဝေနှင်းမှ မြို့နယ်အတွင်းဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက်သည့်များ ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် နှစ်ကိုင်းကျေးရွာ၊ တောင်ဝိုင်း(ဝတ်ဖြူ)ကျေးရွာ၊ ဝဲဟတာကျေးရွာနှင့် ကော့လေးကျေးရွာ(၄)ကို တစ်ရွာလျှင်ငွေကျပ်သိန်း(၁၀၀)ဖြင့် တာဝန်ရှိသူများထံသို့ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှအဖွဲ့ဝင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မြို့နယ်ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စီမံကိန်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးမွန်