လှိုင်သာယာ(အနောက်) ဇန်နဝါရီ ၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်(WFP)၏ စတုတ္ထ အကြိမ်မြောက် စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဉ်အတွက်၊ အမှတ်(၁၄) ရပ်ကွက်အတွင်းရှိ စားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအား မြေပြင်စီစစ်ခြင်းနှင့် ထောက်ပံ့ရန်လိုအပ်သော မိသားစုများအား စားနပ်ရိက္ခာထုတ်ယူနိုင်ရန်အတွက် တိုကင်စလစ်ပြားများ အိမ်တိုင်ရာရောက်ထုတ်ပေးခြင်း ပြီးယနေ့ (၆.၁.၂၀၂၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်ခန့်က စတင်၍ (WFP)မှ ဝန်ထမ်း ဦးအောင်ကိုကို ဦးစီးသော အင်အား (၅၈)ဦးတို့မှ ဆောင်ရွက်ခဲ့ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ.ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုနောက်ကုလသမဂ္ဂစားနပ်ရိက္ခာ(WFP)၏ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော အိမ်ထောင်စုပေါင်း (၁၅၀၀)အား စားနပ် ရိက္ခာ ထောက်ပံ့ပေးနိုင်ရေးအတွက် ရည်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး၊ အသက်(၅)နှစ်နှင့်အောက်ရှိ ကလေးသူငယ်များအား အာဟာရသီးခြား ပံ့ပိုးထောက်ပံ့ပေးနိုင်ရန်အတွက် တိုကင်စလစ်ပေးအပ်ပြီး စားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆန်ထုတ်ပေးခြင်းများကို တစ်ရက်လျှင် အိမ်ထောင်စု (၁၅၀၀)ကို ထုတ်ပေးလျက်ရှိကြောင်းကို တာဝန်ရှိသူ ထံမှာ သိရှိရပါသည်။
ဝေဝေ