မုဒုံမြို့နယ်တရားရုံး အဆောက်အဦရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနား မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်တက်ရောက်

မုဒုံ      ဇန်နဝါရီ    

မွန်ပြည်နယ် တရားလွှတ်တော် မုဒုံမြို့နယ် တရားရုံး၏အဆောက်အ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဗိုလ်ဗထူးလမ်း၊ မြို့မ(၃)ရပ် ကွက်၊ မုဒုံမြို့ရှိ အဆောက်အဆောက်လုပ်မည့်နေရာ၌ ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်ဋ္ဌေးမြင့်အေး၊ မွန်ပြည်နယ်တရား လွှတ်တော် တရားသူကြီး ဒေါ်ညိုမီစံ၊ မော်လမြိုင်ခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးကျော်သူခိုင်၊ မွန်ပြည်နယ် တရားရေး ဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်၊ ပေါင်မြို့နယ်တရားသူကြီး ဒေါ်အေးမိသူ၊ ချောင်းဆုံမြို့နယ် ဒုတိယမြို့နယ် တရားသူကြီး ဒေါ်ပိုးငြိမ့်သူ၊ မော်လမြိုင်မြို့နယ် တရားသူကြီးဒေါ်သိင်္ဂီမြင့်အောင်၊ မုဒုံမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်၊ မြို့နယ်စည်ပင်သာယာ ရေးအမှုဆောင်အရာရှိ ဒေါ်ခင်သီတာလင်းနှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီးမင်္ဂလာတော် အချိန်တွင် သက်ဆိုင်ရာ ပန္နက်တိုင်အသီးသီး၌ တာဝန်ရှိပုဂ္ဂိုလ် များက ရတနာ ပန္နက်တော် ()ချက်တင် ၍ အမွှေးနံ့သာများ ပက်ဖျန်းပေးသည်။

မွန်ပြည်နယ် တရားလွှတ်တော် မုဒုံမြို့နယ်တရားရုံးမှာ  (၁၃၆ × ၆၂)ပေ၊ (၁၆ × ၂၀) ပေ၊ (၁၅×၁၆)ပေ အကျယ်အဝန်း သံကူကွန်ကရစ် ()ထပ် အဆောက်အဖြစ်ပြီး ၂၀၂၁ - ၂၀၂၂ ခုနှစ်၊ ၆လဘတ်ဂျက်ဘဏ္ဍာ ရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၈၀၆ ဒသမ ၂၄၂ ဖြင့် Mawlamyine King Company Limited မှ တာဝန်ယူဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)