မောက်မယ် ဇန်နဝါရီ ၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ် − ၁၉ ဗီဇပြောင်း မျိုးကွဲ Omicron(အိုမီခရွန်)ကူးစက်ရောဂါ ပျံ့နှံ့မှုအား ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီမှဦးဆောင်၍ အထူးစီမံချက်အရ ပူးပေါင်းအဖွဲ့မှ ယနေ့နံနက် ၇ နာရီကစတင်ပြီး မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံ ပြည်သူ့ဆေးရုံရှေ့တို့တွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို အထူးကြပ်မတ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အထူးကြပ်မတ်ဆောင်ရွက်နေမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့မှ လမ်းသွား လမ်းလာပြည်သူများ၊ မော်တော်ယာဉ် များ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအား ကိုဗစ် − ၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ရမည့်နည်းလမ်းများ အသိပညာပေးပြီး လမ်းသွားလမ်းလာ ပြည်သူများ အား Mask များကို စနစ်တကျတပ်ဆင်စေရေး၊ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံစေရန် စစ်ဆေးခြင်း လုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)