စဉ့်ကိုင် ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိရာ နဘဲပင် ကျေးရွာအုပ်စုတွင် ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်း များက Hand Spaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြကြောင်းသိရသည်။
အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှု မဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အား တိကျစွာလိုက်နာကြရန်နှင့် နေအိမ်ပြင်ပ ထွက်ခွာလျှင် ပါးစပ်နှင့်နှားခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် Mask မတပ်သူနှင့်အတူ တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန် အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားကြရန် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းကို အထူးဂရုပြု ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါဆိုင်ရာ သတင်းအချက်လက်များကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက အရှိန်အဟုန်မြင့် အသိပေးလှည့်လည် နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညိုညိုဝင်း