မိုင်းငေါ့ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စာဖတ် ပရိတ်သတ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ စာအုပ်များကို ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များသို့ (အခမဲ့) သွားရောက်ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို အပတ်စဉ် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)