ဂွမြို့ Community. Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး (Talk Show) ကျင်းပ

ဂွ    ဇန်နဝါရီ  ၆

ရခိုင်ပြည်နယ်၊  ဂွမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနနှင့်  လူမှုဝန်ထမ်း ဦးစီးဌာနတို့  ပူးပေါင်း၍  မသန်စွမ်းသူများနှင့်ပတ်သက်၍  အသိပညာပေး  (Talk Show)ကို  Community Centre ခန်းမ  လူထုအခြေပြု  ဗဟိုဌာန၌  ယမန်နေ့၊  နေ့လည်  (၁၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး)  ဒေါ်ရွှေရည်ဝင်းကျော်က မသန်သက်ကြီးကျောင်းနှင့် ပတ်သက်၍ သိရှိလိုသော အချက်များကိုမေးမြန်း ဆွေးနွေး ခဲ့ရာ  မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ  ဒုတိယဦးစီးမှူး  ဒေါ်တင်တင်ခိုင်က မသန်သက်ကြီး ကျောင်း၏ ရည်ရွယ်ချက်၊ သင်တန်းသား လက်ခံပေးမှုအခြေအနေ၊ သင်တန်းသားလက်ခံသည့် စည်းမျဉ်းများ၊ လက်ခံသည့် အမျိုးအစားများနှင့် စောင့်ရှောက်ပေးမှု အခြေအနေများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

ရွှေရည်ဝင်းကျော်