ကျောက်ပန်းတောင်း ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပုံကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ဦးငွေမိုးနှင့် ဝန်ထမ်းများ သည် ရှေ့ဦးစွာ ကျေးရွာတာဝန်ရှိသူများနှင့်အတူ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကာလမ်း လမ်းဘေး ဝဲ/ယာမှ နေ၍ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစားစောင်များကို ဖြန့်ဝေခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း လာရောက်လုပ်ဆောင်ကြသူများကို လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် မြို့နယ်ဦးစီးမှူးက ပန်းခင်းစီမံချက် ဆောင်ရွက်ပေး ရခြင်း ရည်ရွယ်ချက်များနှင့် နိုင်ငံသားတစ်ယောက်အတွက် နိုင်ငံသားကတ်၏ အရေးပါမှုအခန်းကဏ္ဍများကို ရှင်းလင်းဟောပြောသည်။
ယင်းနောက် ဝန်ထမ်းများက ကျောက်ပုံကျေးရွာအတွင်းရှိ အသက်(၁၆)နှစ်မှ (၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ (၂၀) ဦး၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ (၄၄) ဦး စုစုပေါင်း (၆၆) ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက် ပေးခဲ့ပြီး ပညာပေးလက်ကမ်းစာစောင် (၁၅၀) အား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)