ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မောင်တော  ဇန်နဝါရီ  ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ စာအုပ်စာပေများအား ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကို ယမန်နေ့  နံနက် ၈ နာရီအချိန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မောင်တောခရိုင်ရုံး Community Center ခန်းမတွင်  ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ တာဝန်ပေး ဦးဦးစိုး လွင်က  စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ရုပ်သံကျွမ်းကျင်(၃) ဝန်ထမ်းနှစ်ဦးက  စာရေး ဆရာမ မမိုးမြေ ရေးသားသော စိတ်အလှ စာအလှစာအုပ်ပါ  စာအုပ်စာပေများဖတ်ရှုလျှင် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စာကောင်းပေကောင်းများ၏ ကောင်းကွက် လှကွက် များကို ဖော်ထုတ်ပြသည့် စာမျိုးသည် စာပေလေ့လာသူများအတွက် အမှန်လိုအပ်ကြောင်း စသည့် အကြောင်းအရာများအား ဖတ်ကြားခဲ့ကြရာအသိပညာ ဗဟုသုတရဖွယ်များအား ပြန်ကြား ရေး နှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက အပြန်အလှန် ဆွေးနွေးပြောကြား ခဲ့ကြ သည်။

သက်လွင်စိုး  ခရိုင်(ပြန်/ဆက်)