ကျောက်တလုံးကြီးမြို့ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ကျောက်တလုံးကြီး ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နိုင်ငံတော်မှ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၈နာရီ ခန့်က ကျောက်တလုံးကြီးမြို့ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေး  အပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကျောက်တလုံးကြီးမြို့ နောင်လုံရပ်ကွက်၊ ထီလုံရပ်ကွက်၊ ကောင်ဝိန်းရပ်ကွက်၊ လင်းနားရပ်ကွက်၊ တပူရွေးရပ်ကွက်၊ ဒုံအုံးရပ်ကွက်တို့မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၀)ဦးနှင့် ကျေးရွာအုပ်စုများဖြစ်သော နောင်ပစ်ကျေးရွာအုပ်စု၊ နောင်ခဲကျေးရွာအုပ်စု၊ နားဟီးကျေးရွာအုပ်စု၊ ပင်တွန်ကျေးရွာအုပ်စု ၊နောင်ကားကျေးရွာအုပ်စု ၊ကက္ကူကျေးရွာအုပ်စုတို့မှတွင် အ သက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား(၈၂)ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် နိုင်ငံ တော်မှလစဉ်ကျပ်တစ်သောင်းနှုန်းဖြင့်(၃)လတစ်ကြိမ်ထောင်ပံ့ရာ (အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ)အတွက် တစ်ဦးလျှင်ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (နှစ်ဆယ့်ခုနှစ်သိန်း ခြောက်သောင်း)ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြဝင်း(ကျောက်တလုံးကြီး)