နမ့်စန်(တ) ဇန်နဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ် GEC (ပညာရေး) ငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအပေါ် အတိုးငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အခြေခံပညာ အထက်တန်းကျောင်း သရဖီခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်ထွန်းက သမဝါယမဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ သည်။
ဆက်လက်၍ GEC(ပညာရေး) ငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးသန်းထွန်းက အသင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင် ၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်း နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ရွှေတို့က GEC (ပညာရေး) ငွေစုငွေချေး အသင်းသား ၅၄၅ ဦးအတွက် စုဆောင်းငွေအပေါ်အတိုးငွေ စုစုပေါင်း ၈၅၀၀၀၀၀ ကျပ်ကို သက်ဆိုင်ရာ ကျောင်းများအလိုက် ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံ ဆရာ/ဆရာမ များက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်