တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပထမနှစ်ဝက်စာမေးပွဲ စစ်ဆေးခြင်းပြုလုပ်

တံတား ဇန်နဝါရီ  ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းကို (၂၀၂၁)ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာ အထက်တန်း ကျောင်းတွင် ပထမနှစ်ဝက် စစ်ဆေးခြင်းကို စတင်ပြုလုပ်ခဲ့သည်၊၊

အဆိုပါ ပထမနှစ်ဝက် စစ်ဆေးခြင်းကို (၅-၁-၂၀၂၂) မှ (၇-၁-၂၀၂၂) အထိ တစ်ရက်လျှင် ဘာသာရပ်နှစ်ခုဖြင့် စစ်ဆေးမှာဖြစ်ပြီး မူလတန်းအဆင့် စနစ်သစ် G(1), G(2), G(3) ကျောင်းသား/ ကျောင်းသူများကိုမူ အတန်းတွင်း စစ်ဆေးအကဲဖြတ်ခြင်း ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။ ယနေ့ တံတားမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင်  ပြုလုပ်သော ပထမနှစ်ဝက်စစ်ဆေးခြင်း စာမေးပွဲကို  မူလတန်းအဆင့်   G(4)  စနစ်သစ်(၃၉)ဦး၊  အလယ်တန်းအဆင့် (၁၅၀)ဦး၊  အထက်တန်းအဆင့်(၁၃၆)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၃၂၅)ဦးတို့ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးဖြူလွင်