သီပေါ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီကမြို့လယ်ဓမ္မာရုံဆေးထိုးစုရပ်နှင့် ကုန်းဆော့ကျေးရွာသို့ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် စုရပ်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ ပြည်သူ ၁၃၅၈၂၁ ဦးရှိသည့်အနက် ယနေ့နံနက်ပိုင်းအထိ ပြည်သူ ၄၆၃၉၅ ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်လေး