ဂွ ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံတင် ခမ်းအနားနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စည်ပင်သာယာပ န်းခြံဝန်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ အစီအစဉ် နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်အလံတင် အခမ်းအနားကို နံနက်(၄)နာရီ မိနစ်(၂၀)အချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံအလံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ပြီး ဂုဏ်ပြုတပ်ဖွဲ့ နှင့်အတူ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများက နိုင်ငံတော် အလံအား အလေးပြုကြသည်။
ယင်းနောက် နံနက်(၇)နာရီတွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဆက်လက် ကျင်းပရာ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများနှင့် ရပ်/ကျေး အထောက်အကူပြုအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အခမ်းအနား တက်ရောက် လာသူများနှင့် အများပြည်သူများကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်