ရန်ကုန် ဇန်နဝါရီ ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး၏ မြောက်ဘက်ရှိ တိုက်ကျောင်းနေလစာသင်တိုက်တွင် တည်ဆောက်လျက်ရှိသည့် ကျောက်ကပ်သွေးသန့်စင်စက် စင်တာအတွက် အလှူရှင်များက ယမန်နေ့ ညနေပိုင်းက အလှူငွေများ ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုတွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ မြိုမစျေး ဒေါ်သန်းရွှေအထည်ဆိုင်မှ သား၊ သမီး၊ မြေး၊ မြစ် မိသားတစ်စုမှ ဖခင်ကြီး (ဦးဌေးမြင့်)၊ မိခင်ကြီး (ဒေါ်သန်းရွှေ)၊ အကိုကြီး (ဦးအောင်ကျော်)၊ အမ (ဒေါ်သန်းအုံ (ခ) မဂျယ်နီ) တို့အား ရည်စူး၍ နှစ်ဦးကုသိုလ် အလှူတော်အဖြစ် တိုက်ကျောင်းနေလ စာသင်တိုက်တွင် တည်ဆောက်လျက်ရှိသည့် ကျောက်ကပ်သွေးသန့်စင်စက် စင်တာ တည်ဆောက်နေမှုအတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် တိုက်ကျောင်းနေလစာသင်တိုက် ဆရာတော်အတွက် ဆေးအလှူတော်ငွေကျပ် ၃ သိန်းအား နေလဆရာတော် ဘဒ္ဒန္န တေဇိန္န ဆရာတော်ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက်ကပ်သွေးသန့်စင်စက်နှင့် အဆောက်အ ဦးစင်တာအား တိုက်ကျောင်းနေလ စာသင်တိုက် နေလဆရာတော် ဘဒ္ဒန္တ တေဇိန္န ဆရာတော်မှ ဦးဆောင်ကာ မြန်မာနိုင်ငံ ကျောက်ကပ် ဖောင်ဒေးရှင်း (MKF) နှင့် ရွှေဒါန ကုသိုလ်ပြုလုပ်ငန်းတို့ ပူးပေါင်းကာ ဒါယကာ၊ ဒါယိကာမ အလှူရှင်များ၏ စုပေါင်းအားဖြင့် အမြတ်မယူပရဟိအလှူအဖြစ် ကျောက်ကပ်ဝေဒနာရှင်များ စရိတ်သက်သာ ကျန်းမာစွာဖြင့် ကျောက်ကပ်သွေးသန့်စင်နိုင်ရေး ဂျာမနီနိုင်ငံထုတ် ကျောက်ကပ် သွေးသန့်စင်စက် အလုံး ၂၀ အထိထားရှိကာ တစ်လ ကျောက်ကပ်ဝေဒနာရှင် ၁၂၀ ဦးကျော်အား ကျောက်ကပ်သွေး သန့်စင်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ရေရှည်ပရဟိတ အကျိုးသယ်ပိုးကာ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မြတ်ဒါနကုသိုလ်အရေးတွင် ပါဝင်လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် (ဖုန်း) ၀၉- ၆၆၆၁၀၆၀၂၀ သို့ ဆက်သွယ် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်