ဝမ်းတွင် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြိုနယ်တွင်“ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းများကို ယမန်နေ့က ကိုင်းကျေးရွာအုပ်စု၊ ရွှေဖလားကန်ကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာအုပ်စုတို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်တစ်မျိးမျိုးကိုင်ဆောင်နိုင်ရေး၊ နိုင်ငံသားကတ်ကိုင်ဆောင်ခြင်းဖြင့် လူမှုဘဝပြည့်စုံနိုင်ခြင်း၊ နိုင်ငံသားတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုရေးနှင့် စီပွားရေးကိစ္စများတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးတင်ထွန်းထံ သိရှိရသည်။ ဝမ်းတွင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ”ပန်းခင်း”စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်နိုင်ရေးကို စီမံချက်များရေးဆွဲကာ အဖွဲ့များခွဲ၍ ကျေးလက်ဒေသအရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ “ပန်းခင်း”စီမံချက်ဖြင့် မြို့နယ်အတွင်း ကျေးရွာအုပ်စုများဖြစ်သည့် ကိုင်းကျေးရွာအုပ်စု၊ ရွှေဖလားကန်ကျေးရွာအုပ်စုနှင့် ရွှေတောင်ကျေးရွာအုပ်စုတို့ကို အဖွဲ့(၃)ဖွဲ့ဖြင့် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ရာတွင် ကျေးရွာအုပ်စု(၃) အုပ်စုရှိကျေးလက်နေပြည်သူ(၉၆)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)