နောင်ချို ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်းသို့ ယမန်နေ့နံနက်ပိုင်းတွင် အလှူငွေများကို အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
လှူဒါန်းရာတွင် နောင်ချိုမြိုနယ် ရွှေမုဌောအုပ်စု၊ မန်မန်းတော ကျေးရွာမှ ဒေါ်စန်းမိသားစုမှ အလှူငွေကျပ် (၁)သိန်းကို လည်းကောင်း ၊ နောင်ချိုမြို့နယ် သပြေရေရပ်ကွက် ဒေါ်သန်းနွဲ့(ပညာရေးငြိမ်း) အလှူငွေကျပ် (၅)သောင်း၊ နောင်ချိုမြို့နယ် ဘူတာရပ်ကွက် ဒေါ်ညိုမိသားစုမှ အလှူငွေကျပ် (၁)သိန်း၊ အသီးသီးမှ လှူဒါန်းခဲ့ကြရာ သဖန်းကိုင်းပရဟိတဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်း ပရဟိတလူမှုကူညီရေအသင်း ကုသရေးစင်တာတွင်ပိုးတွေ့ လူနာများ၏ ကျန်းမာရေး ကိစ္စများကို ဆရာတော်နှင့် အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့၏ အနီးကပ်ကြီးကြပ်မှု အတိုင်ပင်ခံသမားတော်(၁)ဦး၊ ဆရာဝန်(၁)ဦး၊ သူနာပြု (၄) ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ လူနာများအတွက် သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီး၊ အောက်ဆီဂျင်၊ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ဆေးဝါးပစ္စည်းများ အခမဲ့ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင်လို အပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းပေးခြင်းများအပြင် အခြား ကျန်းမာရေး ကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သဖန်းကိုင်း ပရဟိတလူမှုကူညီရေး အသင်းထံမှ သိရသည်။
ထွေးငယ်