နောင်ချို ဇန်နဝါရီလ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ခင်စန်းဦး ဦးဆောင်သောကျန်းမာရေးဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်(၃) လမှစတင်ထိုးနှံပေးပြီး တစ်လခြား၍ (၂)ကြိမ် ထိုးနှံပေးလျက်ရှိကြောင်း ၊ကိုယ်ဝန်စတင်ရှိချိန်မှစ၍ ကျန်းမာရေးဌာနသို့ လာရောက်အပ်နှံစေကြောင်း၊ ကိုယ်ဝန်ဆောင်များအား အရပ်တိုင်းခြင်း ၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ ကာလသားရောဂါ၊ HIVရောဂါ ရှိ/မရှိသွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အသားဓာတ်၊ အချိုဓာတ်များ/မများ၊ ငှက်ဖျားရောဂါ ရှိ/မရှိစစ်ဆေးခြင်း၊ သွေးအားနည်းရောဂါရှိ/မရှိ စစ်ဆေးခြင်း၊ ကလေးအနေအထားမှန်/မမှန် စမ်းသပ်ခြင်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရုံးဖွင့်ရက်တိုင်း ကိုယ်ဝန်ဆောင်များအား ကြည့်ရှုပေးလျက်ရှိကြောင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)