ရသေ့တောင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားပြုလုပ်

ရသေ့တောင်  ဇန်နဝါရီ 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့မရဲစခန်းရှေ့နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်အလံတင် အခမ်းအနားအား မြို့မရဲစခန်းရှေ့၌ နံနက် နာရီမိနစ် ၂၀ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံတော်အလံအားတိုင်ထိပ်သို့ လွှင့်တင်ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့် အညီ တက်ရောက် အလေးပြုကြသည်။

ယင်းနောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ နံနက် နာရီအချိန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ဖတ်ကြားခဲ့သည်။

အဆိုပါသဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)