စဉ့်ကူး ဇန်နဝါရီ ၅
၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စဉ့်ကူးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝင်းအတွင်း၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ / ဆရာမများနှင့် ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နံနက် (၄)နာရီ မိနစ် (၂၀) တွင် နိုင်ငံတော်အလံကိုလွှင့်တင်ကာ အခမ်းအနားကို တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည် ။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးထွန်းကျော်နိုင်က ဖတ်ကြားပြီး ၂၀၂၂ ခုနှစ် ၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲတို့မှ ဆုရရှိကြသော အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်( ပြန်/ဆက် )