(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်း အလေးပြုပွဲအခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားပွဲကျင်းပ

ဒဂုံအရှေ့ ဇန်နဝါရီ ၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏  ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီလ(၄)ရက်၊ နံနက်(၄) နာရီ (၂၀) မိနစ်အချိန် တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁၂၂) ရပ်ကွက်၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်း တွင် အလံတင် အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့မှ အလံတိုင်ထိပ်သို့ လွှင်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား တက်ရောက်လာကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထား သူများက ဦးညွှတ်အလေးပြုခဲ့ကြသည်။

ဆက်လက်၍ နံနက်( ၆) နာရီ (၃၀) မိနစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူကဖတ်ကြားခဲ့ပြီး ရိုးရာခြင်းလုံး ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)