မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျဉ်းမပင်မွေးမြူရေးခြံ၌ (ပထမအကြိမ်) မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ အသားစားနွား၊ သိုးနှင့် ဆိတ်ပြိုင်ပွဲပိတ်သိမ်းခြင်း အခမ်းအနားကျင်းပ

မင်္ဂလာဒုံ  ဇန်နဝါရီ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျဉ်းမပင်မွေးမြူရေးခြံ၌ (ပထမအကြိမ်)မြန်မာ့နွားသိုးအလှ၊ နိုးစားနွား၊ အသားစားနွား၊ သိုးနှင့်ဆိတ်ပြိုင်ပွဲ ပိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါပိတ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးလှစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်၊ စည်ပင်ရေးရာဝန်ကြီးဌာနဝန်ကြီး ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်သန်းဦး၊ သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီးဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်ဝင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး ရဲမှူးချုပ်ဦးမင်းထိုက်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးစောဂျက်ကော့ထူးနှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက်မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ အသားစားနွား၊ သိုးနှင့် ဆိတ်ပြိုင်ပွဲတွင် ဆုရရှိသူများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။

သန္တာ