ဟိုပန်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ဟိုပန် ဇန်နဝါရီ ၅

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်​ရေး အဖွဲ့ဖလား ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က  ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဟိုပန်မြို့နယ်ရှိ ပိုက်​​​ကျော်ခြင်း အားကစားအသင်း (၁၄) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်၊ "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  ပထမဆုရရှိသည့် အရက်ဖြူအသင်းအား ဆုကြေးငွေ ငါးသိန်းကျပ်၊ ဒုတိယ ဆုရရှိသည့် KMZ အသင်းအား ဆုကြေးငွေ သုံးသိန်းကျပ်၊ တတိယဆုရရှိသည့် ရဲမာန်-၁ အသင်း အား ဆုကြေးငွေနှစ်သိန်းကျပ်နှင့် ဆုဖလားများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရသည်။

ဇင်ဇင်(ပြန်/ဆက်)