မိုင်းနောင် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား၊ စာစီစာကုံးနှင့် ကျပန်း စကားပြောပြိုင်ပွဲများတွင် ထူးချွန်ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းက အဖွင့်အမှာစကားပြောကြား၍ ကျောင်းတွင်း အားကစားပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်သော ကျောင်းသား ကျောင်းသူများ ကာယ၊ ဉာဏ ထူးချွန်ပြီး အခြေခံပညာအဆင့်မှစတင်၍ ကျန်းမာကြံ့ခိုင်သည့် လက်ရွေးစင် အားကစား သမားကောင်းများ ဖြစ်လာစေရန်၊ ထူးချွန်ထက်မြက်၍ဘက်စုံ ဖွံ့ဖြိုးတိုးတက်သည့် လူငယ်မျာ းဖြစ်လာစေရန်၊ စာပေဗဟုသုတများ ပိုမိုလေ့လာစေရန်၊ စာဖတ်ရှိန်မြှင့်မား လာစေရန်တို့အတွက် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။
ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်အလိုက် ဉာဏပြိုင်ပွဲများဖြစ်သည့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများဖြစ်သည့် ဂုန်နီအိတ်စွပ်၊ အာလူးကောက်၊ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်စည်းတိုးပြိုင်ပွဲနှင့် အခြား အားကစားပြိုင်ပွဲတို့၌ ထူးချွန်ဆုအသီးသီး ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မနန်း(မိုင်းနောင်)