ဘောလခဲ ဇန်နဝါရီ ၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပခြင်းကို ယမန်နေ့ နံနက် ၈ နာရီကနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများကို အဆိုပါ သင်တန်းကျောင်းမှ ကျောင်းသား/သူများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ အားကစားပြိုင်ပွဲများ အဖြစ် မီတာ(၁၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ သုံးချောင်းထောက် ကျား/မ အပြေးပြိုင်ပွဲ၊ ပီနံအိတ်စွပ် ကျား/မ အပြေးပြိုင်ပွဲ၊ ဘောလုံး၊ ထုပ်ဆီးတိုး၊ စကောရွက်၊ အာလူးကောက်၊ မုန့်စား၊ လွန်ဆွဲပြိုင်ပွဲ စသည့် ကစားနည်း (၁၆)နည်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး၊ ဆုရကျောင်း/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ကျောင်းအုပ်ကြီး ဦးရန်အောင်သူက အနီကပ်ကြီးကြပ်ပေးလျက်ရှိပြီး ဆုရရှိသော ကျောင်းသားကျောင်းသူများကို တာဝန်ရှိသူ အသီးသီးက ဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇင်မာထွန်း