(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲကျင်းပ

မောက်မယ် ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးဝန်း၌ ၂၀၂၂ ခုနှစ်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ် က  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သောသဝဏ်လွှာ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် က ဖတ်ကြားသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ၊ စာစီစာကုံးပြိုင်ပွဲ ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် ရှောက် ၊ သံပုရာမျိုးရင်းဝင် သစ်သီးဝလံနှင့်ပျိုးပင်ပြပွဲ ပြိုင်ပွဲ၌ ရှောက်ချို(လိမ္မော်ခွံကျစ်)ဖြင့် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်