မိုးညှင်း ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တက္ကသိုလ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တက္ကသိုလ်အတွင်းရှိ အားကစားကွင်း၌ ကျင်းပခဲ့ သည်။
အဆိုပါကျင်းပရာတွင် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်ကို ဂုဏ်ပြုသောအားဖြင့် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ အာလူးကောက်၊ ဂုံနီအိတ်စွပ်၊ ပူပေါင်းဖောက်၊ ဖယောင်းတိုင်ထွန်း၊ သုံးချောင်းထောက်၊ အပ်နဖားထိုး၊ ဇကောရွက်၊ သံလုံးပစ်၊ သံပုံးရိုက်၊ ထုပ်စီးထိုး၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲနှင့် မီတာ(၅၀)အပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲပေါင်း (၁၃)မျိုးတို့ကို ကျောင်းသား၊ ကျောင်းသူများအား ယှဉ်ပြိုင်ကစားကြရာ ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီလွင် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြတ်ခိုင်ကိုနှင့် အဖွဲ့ဝင်များ၊ မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းနှင့် ဆရာ/ ဆရာများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်