ရန်ကင်းမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

ရန်ကင်း ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၁) ရပ်ကွက်နှင့် အမှတ်(၁၂)ရပ်ကွက်တို့ရှိ အားကစားကွင်းများတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများအား ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ကျန်းမာ ကြံ့ခိုင်၍ ပျော်ရွှင်စေရန်၊ အစုအဖွဲ့လိုက် ပေါင်းသင်းဆက်ဆံ ဆောင်ရွက်တတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ အားကစားကို ငယ်စဉ်ကတည်းက လေ့လာလိုက်စား တတ်ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ကျင်း ပပေးရခြင်း ဖြစ်ကြောင်း သိရသည်။ ထို့နောက် အဖွဲ့များခွဲကာ မုန့်စားပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အာလူး ကောက်ခြင်း၊ ဘောလုံးကန်ခြင်း၊ ခြင်းလုံးကစားခြင်း စသည်တို့ဖြင့် ရပ်ကွက်နေလူငယ်များကို ပါဝင်ယှဉ်ပြိုင်စေပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)