ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ဆီဆိုင် ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ဇန်နဝါရီ ရက် မွန်းလွဲ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော် က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆီဆိုင်မြို့ Book Club အဖွဲ့ဝင် ဒေါ်သန်းသန်းဌေးက မြန်မာပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပုံ၊ လွတ်လပ်ရေး ဆုံးရှုံးခဲ့ပြီးနောက် မြန်မာတိုင်းရင်းသားတွေ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ရပုံများ၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်နိုးကြားလာပြီး ပေါ်ပေါက်ခဲ့သည့် လူထုအခြေပြုအဖွဲ့ အကြောင်းများ၊ မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ပုံများ၊ အောင်ဆန်းအက်တလီစာချုပ်ဖြစ်ပေါ်လာပုံများ၊ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးခဲ့ပုံအဆင့်ဆင့်ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)