ငါန်းဇွန် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့မအားကစားကွင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယမန်နေ့ နံနက် ၉နာရီမှစ၍ ကျင်းပကြောင်း သိရသည်။
အားကစားပြိုင်ပွဲများမှာ မီတာ ၁၀၀ အပြေး(ကျားကြီး၊ မကြီး)၊ မီတာ ၇၅ အပြေး(ကျားငယ်၊ မငယ်)၊ မုန့်စားပြိုင်ပွဲ(ကျား၊ မ)နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများဖြစ်ပြီး အားကစားပြိုင်ပွဲများတွင် မြို့ပေါ်ရပ်ကွက်များမှ အားကစားဝါသနာရှင်များက လာရောက်ယှဉ်ပြိုင်ခဲ့ကြရာ အဆိုပါပြိုင်ပွဲများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက လာရောက်ကြည့်ရှုအားပေးကြပြီး အားကစားပြိုင်ပွဲများအပြီးတွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)