မချမ်းဘော့မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံ‌‌တော်အလံလွှင့်ထူခြင်း၊ နိုင်ငံ‌တော်အလံအ‌လေးပြုခြင်းနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ချမ်းဘော့  ဇန်နဝါရီ   ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌  (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော် နိုင်ငံတော်အလံ လွှင့်တင်ခြင်းအခမ်းအနားကို အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ဇန်နဝါရီ (၄) ရက် နံနက် (၄)နာရီ မိနစ်(၂၀)တွင် ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံကို လွှင့်တင်ပြီး တက်ရောက်လာသူများက အလေးပြုဦးညွှတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် (၇)နာရီအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား သ၀ဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမတွင် ကျင်းပရာ အခမ်းအနားတွင် မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မိခင်နှင့်က‌လေး‌ စောင့်‌ရှောက်‌‌ရေးအဖွဲ့ဝင်များ၊ စာပေယဉ်ကျေးမှုအဖွဲ့များ ရပ်မိရပ်ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

မချမ်းဘော့ (ပြန်/ဆက်)