မိုးမိတ်မြို့တွင်  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့  အခမ်းအနားကျင်းပ

မိုးမိတ်   ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယမန်နေ့တွင်  မြို့မပြည်သူ့ အားကစားကွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် အလံတင် အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်၌ကျင်းပခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို နံနက် ၇ နာရီတွင်ကျင်းပခဲ့ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်မှ ဖတ်ကြားခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လူမှုရေး အသင်း အဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်း ရင်းသားမိဘပြည်သူများက တက်ရောက် အလေးပြုခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ ကြောင်း သိရသည်။

မိုးမိတ်သား(ခရိုင်ပြန်/ဆက်)