မိုးနဲမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်/ စာစောင်ပြပွဲဆောင်ရွက်

မိုးနဲ ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် စာပေမှ ရရှိသည့် အကျိုးကျေးဇူးများကို သိရှိ‌စေရန်နှင့် နေ့ထူးနေ့မြတ် များကို မှတ်မှတ်ထင်ထင် သိရှိစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် နံရံကပ်စာစောင်နှင့် စာအုပ်/ စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပြပွဲတွင် လွတ်လပ်ရေး၏ အဓိပ္ပာယ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ စသည့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများကို မိဘပြည်သူများ၊ ကျောင်းသား/သူများ သိရှိနိုင်‌စေရန်နှင့် စာကြည့်တိုက်တွင် စာအုပ်များ လာရောက်ငှားရမ်းသည့် အလေ့အကျင့်ရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသတများ ရရှိစေရန် ရည်ရွယ်၍ သုတ/ရသစာအုပ်များ၊ ကလေးစာပေနှင့် ပတ်သက်သည့် စာအုပ် စာစောင်များကို ပြသဆောင်ရွက်ထားရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)