မံစီမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လတ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ

မံစီ      ဇန်နဝါရီ       

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့၌ ယမန်နေ့နံနက်ပိုင်းက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လတ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာ စောင်များ ဖြန့်ဝေခဲ့ကြသည်။

လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ သည့်နေရာ၌ လည်းကောင်း၊ အထိမ်းအမှတ် အားကစားနှင့် ပျော်ပွဲရွှင်ပွဲကျင်းပရာ နေရာများ၌ လည်းကောင်း၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများ၌ လည်းကောင်း ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ကို ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လတ်ရေး နေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်လုပ် ဖြန့်ဝေခြင်းဖြစ်ပြီး လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လတ်ရေးနေ့ ဦးတည်ချက်များ၊ လွတ်လတ်ရေးနေ့သမိုင်းကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ လွတ်လပ်ရေးနှင့် ပတ်သက်သည့် ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)