ရွှေကူမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

ရွှေကူ  ဇန်နဝါရီ        ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် မြို့တော်ခန်းမရှေ့ရှိ အလံတိုင်၌ ယမန်နေ့ နံနက် ၄ နာရီ ၂၀မိနစ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ကျင်းပရာ ရွှေကူ မြို့နယ် ရဲတပ်ဖွဲ့က နိုင်ငံတော်အလံကိုလွှင့်တင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊လူမှုရေးအသင်းအဖွဲ့များတို့က နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြ သည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊လူမှုရေးအသင်းအဖွဲ့များတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အလံအား အလေးပြုကြပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဖတ်ကြား သည်။ ယင်းနောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသူများအား ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကအခမဲ့ ဖြန့်ဝေကြသည်။

ယင်းနောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ဖြစ်သည့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများဖြစ်ကြသော ကြက် တောင်ရိုက် ပြိုင်ပွဲ၊ ဖူဆယ်ဘော့လုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ မီတာ ၁၀၀၊ မီတာ ၂၀၀ အပြေးပြိုင် ပွဲများ၊ ကလေးမုန့်စားပြိုင်ပွဲများ၊ Physical  Fitiness Dance တို့တွင် ဆုရရှိခဲ့ကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်